Saturday, June 30, 2012

မြန်မာသုတေသီများအတွက် အိန္ဒိယနိုင်ငံက နှစ်စဉ်ပညာသင်ဆု ၁၀ ဆုပေးမည်

မြန်မာသုတေသီများအတွက် အိန္ဒိယနိုင်ငံက နှစ်စဉ်ပညာသင်ဆု ၁၀ ဆုပေးမည်


မြန်မာနိုင်ငံရှိ သုတေသီများအတွက် အိန္ဒိယနိုင်ငံက နှစ်စဉ်ပညာသင်ဆု ၁၀ ဆုပေးသွားမည်ဖြစ်ကြောင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးတွဲကြေညာချက်အရ သိရသည်။ မြန်မာသုတေသီများအနေဖြင့် အိန္ဒိယတက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှစ်စဉ်ပညာသင်ဆု ၁၀ ဆုပေးအပ်သွားမည်ဟု အိန္ဒိယ၀န်ကြီးချုပ်မှကြေညာခဲ့ကြောင်း၊ အဆိုပါပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်၏ ပြည်ထောင်စုသမ္မတနိုင်ငံတော်ခရီးစဉ်အတွင်းထုတ်ပြန်သည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်များတွင် အဆိုပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိန္ဒိယမှကူညီပေးလိုသည့် ဆန္ဒနှင့်အညီ အိန္ဒိယစီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအပါအ၀င် မြန်မာနိုင်ငံသို့ လက်ရှိသင်တန်းသားဦးရေ ၂၅၀ ဦးခွဲဝေပေးအပ်နေခြင်းအား နှစ်ဆတိုး၍ သင်တန်းသားဦးရေ ၅၀၀ ဦးသို့ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အိန္ဒိယ၀န်ကြီးချုပ်မှ ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နှင့် နည်းပညာမြင့်မားရေးဆိုင်ရာ မြန်မာ-အိန္ဒိယစင်တာအား လာမည့်ငါးနှစ်တာကာလအတွက် နည်းပညာနှင့် ငွေကြေးအထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည့်အပြင် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

လှပသော အရိပ်ပုံလေးများ

လှပသော အရိပ်ပုံလေးများ

အရိပ်ပုံလေးများ-၁
အရိပ်ပုံလေးများ-၂

အရိပ်ပုံလေးများ-၃
အရိပ်ပုံလေးများ-၎
အရိပ်ပုံလေးများ-၅
အရိပ်ပုံလေးများ-၆
အရိပ်ပုံလေးများ-၇
အရိပ်ပုံလေးများ-၈
အရိပ်ပုံလေးများ-၉
အရိပ်ပုံလေးများ-၁၀
အရိပ်ပုံလေးများ-၁၁
အရိပ်ပုံလေးများ-၁၂
အရိပ်ပုံလေးများ-၁၃
အရိပ်ပုံလေးများ-၁၄

အံ့သြစရာကောင်းသည့် ခဲခြစ်ပုံများ

အံ့သြစရာကောင်းသည့် ခဲခြစ်ပုံများ

 

pic-1
pic-2
pic-3

pic-4
pic-5
pic-6
pic-7
pic-8
pic-9
pic-10
pic-11

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရားဝင်ပါဝင်မည်

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရားဝင်ပါဝင်မည်

 မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှစက်တင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။ ထွက်ရှိမည့်ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ်တွင် ဖြန့်ချိရန် လျာထားသည့် Windows 8 ၏ Preview versionကို စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထွက်ရှိခဲ့သော Mac OS Lion ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် ပါဝင်လာခဲ့ပြီးနောက် ယခုအချိန်တွင်Windows 8ကွန်ပျူတာစနစ်တွင်ပါ မြန်မာစာစနစ် တရားဝင် ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်း မှကွန်ပျူတာ သုံးစွဲသူအများစုမှာ Windows စနစ်ကို အများဆုံး အသုံးပြုနေသဖြင့် Windows 8 ကွန်ပျူ တာစနစ်၌ မြန်မာစာစနစ်တရားဝင် ပါဝင်လာခဲ့ခြင်းကြောင့် မြန်မာ ယူနီကုဒ် သုံးစွဲသူ အရေအတွက် ပိုမို ကျယ်ပြန့်လာနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ဘာသာစကားများ ဆိတ်သုဉ်း ပျောက်ကွယ်မှုဘေးမှ ကာကွယ်ရန် Google ကူညီမည်

ဘာသာစကားများ ဆိတ်သုဉ်း ပျောက်ကွယ်မှုဘေးမှ ကာကွယ်ရန် Google ကူညီမည်



Photo
ယနေ့အချိန်တွင် ကမ္ဘာပေါ်၌ လူထောင်ဂဏန်းမျှကသာ ပြောဆို အသုံးပြုလျက်ရှိသော ရှေးဟောင်း ဘာသာစကားများကို ဆိတ်သုဉ်း ပျောက်ကွယ်သွားခြင်း မရှိစေရန် နည်းပညာဖြင့် ထိန်းသိမ်း စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း Google က ကြေညာလိုက်သည်။
 

Google မှာ ပျောက်ကွယ် ဆိတ်သုဉ်းမှုအရေးနှင့် ရင်ဆိုင်နေရသော ဘာသာစကားများကို စုစည်းသိမ်းဆည်းကာ ရေရှည် ထိန်းသိမ်းသွားနိုင်ရန်အတွက် ယင်း၏ အင်တာနက် စာမျက်နှာပေါ်တွင် သီးခြားဝက်ဘ်စာမျက်နှာသစ်ကို ဖွင့်လှစ်ထားရှိမည် ဖြစ်သည်။ အဆိုပါ ဝက်ဘ်စာမျက်နှာသစ်တွင် ရှားပါးစာပေနှင့် ဘာသာစကားများအကြောင်းကို သမိုင်းကြောင်းများ၊ မူရင်းလက်ရေးစာများ၊ ဗီဒီယိုဖိုင်များနှင့် အသံထွက်စနစ်များ ထည့်သွင်းထားရှိကာ လေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် အဓိကထား လုပ်ဆောင်ပေးထားမည် ဖြစ်ကြောင်း Google က ပြောသည်။ ထို့ပြင် အဖွင့်စာမျက်နှာ၌ ကမ္ဘာတစ်လွှား ရှေးဟောင်း ဘာသာစကားများ ဖြန့်ကြက် တည်ရှိခဲ့ပုံနှင့် လူမျိုးများအကြောင်းကို  ကမ္ဘာ့မြေပုံထက်တွင် အစက်ကလေးများဖြင့် ဖော်ပြပေးထားမည် ဖြစ်သည်။ အဆိုပါ အစက်ငယ်လေးများအား mouse ဖြင့် နှိပ်ကာ သမိုင်းကြောင်းများကို လေ့လာနိုင်လိမ့်မည် ဖြစ်ကြောင်း Google က ပြောသည်။

“လက်ရှိကမ္ဘာပေါ်မှာ လူသားတွေ နေ့စဉ် ပြောဆို ရေးသားသုံးနှုန်းနေတဲ့ ဘာသာစကား ၃၀၀၀ ကျော်အပြင် ဘာသာစကားများစွာကို ထည့်သွင်း ဖော်ပြသွားပါမယ်။ ကမ္ဘာကြီးမှာရှိခဲ့တဲ့ မတူကွဲပြားသော ယဉ်ကျေးမှုများစွာကို ကာကွယ် ထိန်းသိမ်းပြီး ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပရောဂျက်ကို Google က စီစဉ်ခဲ့တာပါ” ဟု Project မန်နေဂျာရိုဒရစ်နှင့် ဂျက်ဆင်ရစ်မန်တို့က ပြောကြားသွားသည်။ အဆိုပါ ရှေးဟောင်းဘာသာစကားများ ထိန်းသိမ်းထားရှိမှုကို Google.org မှ တစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ...

အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ...


အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါ
တယ်...

အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...

ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
 အဲဒီ ဖ၀ါးကြောလေးထိတယ်... ဆက်ဆွဲပေးပါဦး...
သူ့ အလုပ်တော့ လွယ်မယ်မထင်...
 သင်သွားလိုရာသွား....သူ့ ကိုတော့ ဒီမှာခဏထားသွားနိုင်ပါတယ်...
 မုတ်ဆိတ်ဖက်ရှင်....
 လုပ်တော့ လုပ်နေတာပဲ.... နောက်တော့ လည်း အခြေအနေနဲ့ မကိုက်ညီပါဘူးဆိုပြီး
နောက်ပြန်လှည့် သွားနိုင်သေးတယ်...
မီးလျှံမြေခွေး...fire fox ဆံပင်ဒီဇိုင်း...
 ကြံကြံဖန်ဖန် လုပ်နိုင်တယ်ဗျာ...
 ဟိုတုံးက ဆံပင်ပုံစံဒီဇိုင်းအဆန်း...
 စိတ်လွတ်ကိုယ်လွတ် ဘောလုံးပွဲမကြည့် ကြမိဖို့ ...
 သူတို့ အချစ်ကတစ်မျိုး...
ဖိုးကံကောင်းပေါ့ ...


ထူးဆန်းတဲ့ စာဘူတောင်းငှက်သိုက်

ထူးဆန်းတဲ့ စာဘူတောင်းငှက်သိုက်



ပြီးခဲ့တဲ့ လေးလပိုင်းလောက်တုန်းက ဇာတိချက်ကြွေ မွေးရပ်မြေမှာပေါ့။ အပေါ်က နှစ်ပုံက တောကြာပန်းလို့ ပြောတယ်။ ကုန်းကြာပေါ့နော်။ ငယ်ငယ်တုန်းက မမြင်ဖူးခဲ့ဘူး။

ကဲ သည်ပုံတွေကတော့ စာဘူတောင်းငှက်သိုက်ပါ။ ပအိုဝ်းဘာသာစကားနဲ့ဆိုရင် "၀ါးထွေမောင်း"ငှက်ုလို့ ခေါ်ပါတယ်။ ၀ါးဆိုတာ ငှက်ပေါ့။ အခုမြင်နေရတဲ့ငှက်သိုက်ကတော့ ငှက်မက ဆောက်တဲ့အိမ်လို့ ပြောတယ်။ အထီးဆောက်တဲ့အိမ်ဆိုရင် သည့်ထက် ပိုလှတယ်ဆိုပဲ။ အပေါက်နှစ်ပေါက် ထားထားပါတယ်။ ခါးလယ်ကောင်တည့်တည့်မှာ အိပ်လိုက်ရင် ချေးပါရင် အိမ်မပေောတာ့ဘူး။ မြက်မျိုးတော်တော်စုံအောင် ယူထားတယ် ပြောကြတယ်။ ဗိုက်နာတဲ့ကလေးတွေကို ကျိုပြီး တိုက်လိုက်ရင် ပျောက်တယ်ဆိုပဲ။ အထူးသဖြင့် ပွန်ချောင်းဘေးနားမှာ ရှိတတ်ကြတယ်။ တစ်နှစ်တစ်ခါ အသိုက်ကို ဆောက်ကြတယ်တဲ့။ သူတို့အသိုက်ကို လူတွေက ယူချင်ယူ၊ မယူလို့ရှိရင်လည်း သူ့ဘာသာသူ တစ်နှစ်လောက်ဆိုရင် ပြုတ်ကျသွားတယ်တဲ့။ (တစ်နှစ်ဆိုတော့ သူတို့သက်တမ်းက ဘယ်လောက်များလည်း မသိဘူးနော်) သူတို့အိမ်ကို အလှဆင်တတ်ပါသေးတယ်။ ပိုးစုန်းကြူးကို ယူပြီးတော့ အသိုက်ရဲ့အပြင်ဘက် ဘေးပတ်ပတ်လည်မှာ စီထားတတ်ကြသေးတယ်တဲ့။ (ရွာသားတွေ ပြောပြတုန်းက ဘုန်းဘုန်းလည်း ခေါင်းတညိတ်ညိတ်နဲ့ အံ့သြနေမိတယ်၊ ပိုးစုန်းကြူးအသေကို ယူတာလား၊ အသေဆိုတာ လင်းပါအုံးမလား၊ အရှင်ကို ယူရင်ကော ပိုးစုန်းကြူးတွေ နေပါ့မလားဆိုတာ၊ သူများပြောတိုင်း မယုံပါနဲ့ ကိုယ့်ဘာသာကိုယ် ညာဏ်နဲ့ယှဉ်ပြီးယုံဆိုတဲ့ မြတ်စွာဘုရားဟောထားတဲ့ ကာဠာမသုတ်ကို သွားသတိရပါသေးတယ်)



တောမှာ အလိုလို ပေါက်တဲ့ သစ်ခွပန်း
ပွန်ချောင်းကြီးပါ။ ရွာကနေ အဲဒီနေရာကို ဆိုင်ကယ်နဲ့ တစ်နာရီခွဲခန့် မောင်းရပါတယ်။ ငှက်သိုက်ကို ရလိုရငြားပေါ့။ မတွေ့ခဲ့ပါဘူး။ နောက်တော့ ရွာမှာ ယူထားတဲ့လူတွေဆီက ခဏငှားပြီးတော့ ၀အောင်ကြည့်ပြီး မိတ်ဆွေတွေကိုလည်း ပြလို့ရအောင်ဆိုပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။