Sunday, June 10, 2012

ကြက်ကချင်ချက်

ကြက်ကချင်ချက်

ပါဝင်သောပစ္စည်းများ
ကြက်သား၊
ချင်း၊
ကြက်သွန်ဖြူ၊
နနွင်း၊
မဂရမ့်၊
မကျန်စီ၊
ဖက်ဖယ်၊
ချဉ်စော်ခါးသီးခြောက်၊
နံနံပင်၊
ပင်စိမ်း၊
ငရုတ်သီးစိမ်း၊
ဆား၊
ဆီ၊
ပဲငပိရည်။
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သားကို သန့်စင်ပြီး၊အရွယ်တော် အတုံးလေးတွေတုံးကာ ထောင်းပြီး သား ချင်း၊ ကြက်သွန်ဖြူနဲ့ ဆား၊ နနွင်း၊ ပဲငပိရည်တို့ ထပ်ထည့်ပြီး အရသာ စိမ့်ဝင်အောင် ငါးမိနစ်လောက် နှပ်ထားပါ။
ပြီးရင် ငရုတ်သီးစိမ်း၊ နံနံပင်၊ ပင်စိမ်းနဲ့ ဖက်ဖယ်ကို ခမ်းကြမ်းကြမ်း လေးထောင်းပြီး နှပ်ထားတဲ့ကြက်သားထဲ ရောနယ်ထည့်ပါ။
ရောထည့်ထားပြီး ငါးမိနစ် လောက်ရှိပြီဆိုရင် ပဲငပိရည် ထပ်ထည့်ပြီး မဂရမ့်နဲ့ မကျန်စီတို့ ထပ် ထည့်ပြီးနယ်ပါ။ ဟင်းချက်ဖို့အတွက် အိုးထဲ ဆီမကပ်ရုံလောက်ထည့်အပူပေးပြီး အရသာစုံသွင်းထားတဲ့ ကြက်သားထည့်ချက်ပါ။
ပြီးရင် ချဉ်စော် ခါးသီး စိမ်ထားတဲ့အရည်ကိုပဲ စစ်ထည့် ပြီး အဖုံးအုပ် တည်ထားလိုက်ပါ။
အရည် ခပ်ပျစ်ပျစ်လေးဖြစ်လာရင် ရေနည်းနည်း ထပ်ထည့်ပြီး ကြက်သားနူးလာရင် အရသာမြည်းပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင် မီးဖိုပေါ်က ချလို့ရပါပြီ။
Ref : Myanmar Times

No comments:

Post a Comment