Sunday, June 10, 2012

အမဲခြောက်ချင်းထောင်း

အမဲခြောက်ချင်းထောင်း

ပါဝင်သောပစ္စည်းများ
အမဲသား၊
ချင်း၊
ကြက်သွန်ဖြူ၊
ငရုတ်သီးစိမ်း၊
ဖက်ဖယ်၊
နံနံပင်၊
မဂရမ့်၊
မကျန်စိ။
ပြုလုပ်ပုံအဆင့်ဆင့်
သန့်စင်ထားတဲ့ အမဲသားကို အရွယ်တော်လေး တွေ လှီး၊ ဆားနဲ့နယ်ပြီး အခြောက်လှန်းပါ။ အမဲခြောက်ရပြီဆိုရင် မီးဖုတ်ပြီး အမျှင်အသေးလေး တွေဖဲ့ပြီး ထွင်ပါ။ ချင်းနဲ့ ကြက်သွန်ဖြူကို အခွံသင် လှီးပြီး ငရုတ်သီးစိမ်းနဲ့ရောကာ ထောင်းပါ။ ညက်ပြီ ဆိုမှ မဂရမ့်၊ မကျန် စိ၊ ဖက်ဖယ်နဲ့ နံနံပင်တွေထည့်ပြီး မညက်တညက် ထပ်ထောင်းပါ။
နောက်ဆုံးမှ ဆား အနည်းငယ်နဲ့ ထွင်ထားတဲ့ အမဲခြောက်တွေထည့်ပြီး ရောထောင်းပါမယ်။ ဒါဆိုရင်တော့ ချင်းနံ့မွှေးမွှေး လေးနဲ့ အမဲခြောက်ချင်းထောင်းရပါပြီ။
Ref : Myanmar Times

No comments:

Post a Comment