Sunday, June 10, 2012

ကချင်ငှက်ပျောဖူးကြော်

ကချင်ငှက်ပျောဖူးကြော်

ပါဝင်သောပစ္စည်းများ
ငှက်ပျောဖူး၊
ချင်း၊
ကြက်သွန်ဖြူ၊
နံနံပင်၊
ပင်စိမ်း၊
ဆား၊
နနွင်း၊
ဆီ။
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဆုံး ငှက်ပျောဖူးကို ဓားနဲ့ လှီးလို့ရမယ့် အပိုင်းထိရောက်အောင် အခွံခွာပါ။ ပြီးရင် ဓားနဲ့ ထက်ခြမ်းခွဲပြီး ပြုတ်ရပါမယ်။ ပြုတ်လို့နူးလာပြီဆိုရင် ရေစစ်ထားပါ။ အထဲကနေ ရေတွေ ထွက်မကျလာ တော့မှ အဖန်ရေတွေ ထွက်သွားအောင် ညစ်ထုတ်ပေး ရပါမယ်။ ဟင်းအနှစ်အတွက် ချင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ပင်စိမ်းတို့ကို ရေဆေးအခွံသင်ပြီး ညက်နေအောင် ထောင်းပါ။
ရပြီဆိုရင် ငှက်ပျောဖူးပန်းကန်ထဲ ဆား၊ နနွင်းတို့နဲ့ ရောထည့်ပြီး နယ်ထားပါ။ ဟင်းချက်ဖို့အတွက် ဒယ်အိုးထဲကို ဆီစားပွဲ တင်ဇွန်း တစ်ဇွန်းလောက်ထည့်အပူပေးပြီး အရသာသွင်းထား တဲ့ ငှက်ပျောဖူးထည့်ပြီး ဆီပူထိုးပါ။ ခဏကြာရင် ပဲငပိရည်နည်းနည်းထည့်ချက်ပါ။ အရသာ အနေတော် ဖြစ်ပြီဆိုရင် ငရုတ်သီးစိမ်းကို ထပ်ခြမ်းခွဲအုပ်ပြီး မီးဖိုပေါ်က ချလို့ရပါပြီ။
Ref : Myanmar Times

No comments:

Post a Comment