Saturday, June 30, 2012

ထူးဆန်းတဲ့ စာဘူတောင်းငှက်သိုက်

ထူးဆန်းတဲ့ စာဘူတောင်းငှက်သိုက်



ပြီးခဲ့တဲ့ လေးလပိုင်းလောက်တုန်းက ဇာတိချက်ကြွေ မွေးရပ်မြေမှာပေါ့။ အပေါ်က နှစ်ပုံက တောကြာပန်းလို့ ပြောတယ်။ ကုန်းကြာပေါ့နော်။ ငယ်ငယ်တုန်းက မမြင်ဖူးခဲ့ဘူး။

ကဲ သည်ပုံတွေကတော့ စာဘူတောင်းငှက်သိုက်ပါ။ ပအိုဝ်းဘာသာစကားနဲ့ဆိုရင် "၀ါးထွေမောင်း"ငှက်ုလို့ ခေါ်ပါတယ်။ ၀ါးဆိုတာ ငှက်ပေါ့။ အခုမြင်နေရတဲ့ငှက်သိုက်ကတော့ ငှက်မက ဆောက်တဲ့အိမ်လို့ ပြောတယ်။ အထီးဆောက်တဲ့အိမ်ဆိုရင် သည့်ထက် ပိုလှတယ်ဆိုပဲ။ အပေါက်နှစ်ပေါက် ထားထားပါတယ်။ ခါးလယ်ကောင်တည့်တည့်မှာ အိပ်လိုက်ရင် ချေးပါရင် အိမ်မပေောတာ့ဘူး။ မြက်မျိုးတော်တော်စုံအောင် ယူထားတယ် ပြောကြတယ်။ ဗိုက်နာတဲ့ကလေးတွေကို ကျိုပြီး တိုက်လိုက်ရင် ပျောက်တယ်ဆိုပဲ။ အထူးသဖြင့် ပွန်ချောင်းဘေးနားမှာ ရှိတတ်ကြတယ်။ တစ်နှစ်တစ်ခါ အသိုက်ကို ဆောက်ကြတယ်တဲ့။ သူတို့အသိုက်ကို လူတွေက ယူချင်ယူ၊ မယူလို့ရှိရင်လည်း သူ့ဘာသာသူ တစ်နှစ်လောက်ဆိုရင် ပြုတ်ကျသွားတယ်တဲ့။ (တစ်နှစ်ဆိုတော့ သူတို့သက်တမ်းက ဘယ်လောက်များလည်း မသိဘူးနော်) သူတို့အိမ်ကို အလှဆင်တတ်ပါသေးတယ်။ ပိုးစုန်းကြူးကို ယူပြီးတော့ အသိုက်ရဲ့အပြင်ဘက် ဘေးပတ်ပတ်လည်မှာ စီထားတတ်ကြသေးတယ်တဲ့။ (ရွာသားတွေ ပြောပြတုန်းက ဘုန်းဘုန်းလည်း ခေါင်းတညိတ်ညိတ်နဲ့ အံ့သြနေမိတယ်၊ ပိုးစုန်းကြူးအသေကို ယူတာလား၊ အသေဆိုတာ လင်းပါအုံးမလား၊ အရှင်ကို ယူရင်ကော ပိုးစုန်းကြူးတွေ နေပါ့မလားဆိုတာ၊ သူများပြောတိုင်း မယုံပါနဲ့ ကိုယ့်ဘာသာကိုယ် ညာဏ်နဲ့ယှဉ်ပြီးယုံဆိုတဲ့ မြတ်စွာဘုရားဟောထားတဲ့ ကာဠာမသုတ်ကို သွားသတိရပါသေးတယ်)



တောမှာ အလိုလို ပေါက်တဲ့ သစ်ခွပန်း
ပွန်ချောင်းကြီးပါ။ ရွာကနေ အဲဒီနေရာကို ဆိုင်ကယ်နဲ့ တစ်နာရီခွဲခန့် မောင်းရပါတယ်။ ငှက်သိုက်ကို ရလိုရငြားပေါ့။ မတွေ့ခဲ့ပါဘူး။ နောက်တော့ ရွာမှာ ယူထားတဲ့လူတွေဆီက ခဏငှားပြီးတော့ ၀အောင်ကြည့်ပြီး မိတ်ဆွေတွေကိုလည်း ပြလို့ရအောင်ဆိုပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

No comments:

Post a Comment